ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ထပ်မံကျဆင်းလာသဖြင့် အိမ်ထောင်စုများ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့

ရွှေတောင် ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအနက် ဧရာဝတီမြစ်ရေသည် (၉၁.၃)ပေသို့ ထပ်မံကျဆင်းလာသဖြင့် အိမ်ထောင်စုအချို့ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ ထပ်မံကျဆင်းခဲ့သဖြင့် ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂) အုပ်စု၊ အိမ်ထောင်စုအချို့ရှိ အိမ်ခြေ (၁၆၂) ၊ အိမ်ထောင်စု (၁၉၅) စု၊ လူဦးရေ (၆၆၅) ဦးတို့အား ၎င်းတို့၏ မူလနေထိုင်ခဲ့သည့် နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နိုင်ရေးအတွက် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ရန် အိမ်ခြေ (၅၄၈) အိမ်၊ အိမ်ထောင်စု (၅၅၁) စု၊ လူဦးရေ (၁၉၄၃) ဦး ကျန်ရှိ‌နေကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)