ရွှေတောင် ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်း ရေဝင်ရောက်ပြီး ယာယီစျေးပြောင်းရွေ့ခဲ့ရာမှ ယခုအခါ ခေတ္တယာယီပြောင်းရွေ့စျေးသည်များ မြို့မစည်ပင်သာယာစျေးသို့ မူလနေရာများတွင် ပြန်လည်ရောင်းချလျက်ရှိသည်။
ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကူကြီးလမ်းသို့ ခေတ္တယာယီ ပြောင်းရွေ့ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ အသား/ငါးဆိုင်များ၊ ပန်းဆိုင်များ စသည့်စျေးဆိုင်ပေါင်း (၂၅၀) ဆိုင်အား ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းလာပြီဖြစ်သဖြင့် ၎င်းတို့၏ မူလရောင်းချခဲ့သည့် ယွန်းတန်းရပ်ကွက်၊ မြို့မစည်ပင်သာယာစျေး၏ မူလနေရာများတွင် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြန်လည်ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်နှင့် ဝန်ထမ်းများက စနစ်တကျ ပြောင်းရွေ့နိုင်ရေး စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)