အမ်း ဇူလိုင် ၂၆
အမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ယနေ့နံနက်ပိုင်းမှစ၍ အမ်းချောင်းမှရေများ ၀င်ရောက်သဖြင့် မြို့ပေါ်ရပ်ကွက်နှင့်အနိမ့်ပိုင်းရှိ လူနေအိမ်များ ရေနစ်မြုပ်လျက်ရှိသည်။
ရေကြီးနစ်မြုပ်မှုကြောင့် အမ်းချောင်းနံဘေးရှိ မြို့ပေါ်ရပ်ကွက်နှင့် အမှတ်(၃)ဈေးရပ်ကွက် အောက်ကျင်းပိုင်းရှိ ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ရေးအတွက် ခရိုင်သဘာ၀ဘေးစီမံခန့်ခွဲရေးကော်မတီ၏ စီစဉ်မှုဖြင့် ယာယီထားရှိနေရာအား နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)