ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ပန်းတောင်း ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့အထိ ကျေးရွာအုပ်စု (၂၈) အုပ်စု၊ တောင်သူ (၄၀၇၀) ဦးအား ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေများကို ယခင်နှစ်က ချေးငွေများအကြေပေးဆပ်သည့် တောင်သူများကို ဦးစားပေးထုတ်ချေးပေးလျက်ရှိပြီး လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် တောင်သူ (၄၀၇၀)ဦး၏ လယ်မြေဧက (၁၇၉၈၃)ဧကအတွက် ငွေကျပ် (၂၆၉၇၄) သိန်း (၅) သောင်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေသော ကျေးရွာအုပ်စုများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)