ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် တာတမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး

ဇလွန် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၄ နာရီတွင် ဇလွန်မြို့ကျုံရှကျေးရွာတွင် ဧရာဝတီမြစ်ရေ ကြီးမြင့်မူကြောင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာတမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရူ့စစ်ဆေးခဲ့သည်။

ကျုံရှကျေးရွာအုပ်စုရှိ ဧရာဝတီ - ဟင်္သာတတာ တာမိုင် (၃၈/ ၂) တွင် ဧရာဝတီမြစ်ရေ ကြီးမြင့်မူကြောင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဲအိတ်များဖြင့် တာထိပ်ဆင့်ခြင်းလုပ်ငန်း ၊ တာခြေရေစိမ့်မှု အန္တရာယ်မှကာကွယ်နိုင်ရန်အတွက် သဲအိတ်ဖို့ခြင်း ၊ ရေခွေ ခွေခြင်းစသည့် တာတမံထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)