ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ဆန်(၁)ပြည်လျှင် ၃,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ငပုတော ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်းအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  သက္ကယ်ချောင်ကျေးရွာပရဟိတရုံး၌ ကျေးရွာရှိ ဒေသခံပြည်သူများအား ရောင်းချပေးခဲ့သည်။

ထို့သို့ရောင်းချရာတွင် ဆန်(၁)ပြည် ၃၀၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့်၊ ဆန်အိတ်(၂၀)အိတ်အား အိမ်ထောင်စု(၂၃၀)စုအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)