ကြံခင်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အ.ထ.က(ခွဲ) မြောင်ကြီးကျောင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက အဆိုပါကျောင်း စုဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် အ.ထ.က(ခွဲ)မြောင်ကြီးကျောင်းအုပ် ဆရာကြီး ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးက အားကစားဆိုင်ရာ သိကောင်းစရာကောင်းစဉ်ဖြင့် ဆွေးနွေးရာ မျိုးဆက်သစ်ရွက် ပုန်းသီး လူငယ်များပေါ် ထွန်းလာစေရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ကိုယ်ကာယကျန်းမာသန်စွမ်းရန် အားကစားလေ့ကျင်းခန်းများကိုလည်း ပုံမုန်လေ့ကျင့်ကြရန်နှင့် မိမိတို့ဌာနမှ ဖွင့်လှစ်ထားရှိသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို ဖွင့်လှစ်သင်ကြား ပေးထားသည့်အတွက် စိတ်ပါဝင်စားသူတိုင်းတက် ရောက်သင်ယူနိုင်ကြောင်း ဟောပြော ဆွေးနွေးခဲ့ပြီး အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူသည်။
ဆက်လက်၍ Fitness Dance အကများဖြင့် ကပြဖျော်ဖြေဧည့်ခံရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူက ကြည့်ရှုအားပေးကြပြီး ပျော်ရွှင်စွာဖြင့် သွေးပူလေ့ကျင့်ခန်းသင်ခန်းစာ အတွဲ(၁) (၂)ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)