တောင်ငူ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ကျောက်ကပ်သွေးသန့်စင်လူနာများအတွက် တောင်ငူမြို့၊ ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအသင်းမှ ကျောက်ကပ်သန့်စင်ဆေးရည် Solution (A) (၂၅)ပုံးနှင့် Solution (B) (၂၅)ပုံး လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီး၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
ထိုသို့လှူဒါန်းရာတွင် တောင်ငူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က ကျေးဇူးတင်စကားပြောကြားပြီး တောင်ငူမြို့၊ ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအသင်းမှ ဆရာတော် အရှင်စန္ဒောဘာသက ကျောက်ကပ်သန့်စင်ဆေးရည် Solution (A) (၂၅)ပုံးနှင့် Solution (B) (၂၅)ပုံးကို လှူဒါန်းရာ သမားတော်ကြီး ဒေါက်တာမီမီချိုမှလက်ခံရယူပြီး ဆရာတော်အရှင်စန္ဒောဘာသအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)