မင်းလှမြို့နယ် လယ်လှကျေးရွာတွင် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

အထက်မင်းလှ ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လယ်လှကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ‌ ‌ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ၊မိသားစုဝင်ငွေတိုးပွားရေးအတွက် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လယ်လှကျေးရွာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးစန်းအောင်က အမှာစကားပြောကြားပြီး သင်တန်းတွင်ပို့ချပေးမည့် ဘာသာရပ်များအား လေ့လာမှတ်သားပြီး လက်တွေ့အသုံးချ၍ မိသားစုဝင်ငွေတိုးပွားရေးဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် သရက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၊ဦးစီးအရာရှိ ဦးလင်းထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းတွင်ပို့ချ‌ပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးစန်း‌အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှတို့က သင်တန်းတွင် အသုံးပြုမည့်ပစ္စည်းများအား ပေးအပ်ခဲ့ရာ သင်တန်းသူများက လက်ခံရယူခဲ့သည်။

အဆိုပါလက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းသို့ လယ်လှကျေးရွာမှ သင်တန်းသူ (၁၀) ဦး တက်ရောက်သင်ကြားမှာဖြစ်ပြီးသင်တန်းကာလမှာ ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၂၃) ရက်နေ့ထိ စာတွေ့လက်တွေ့ တစ်လကြာအခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)