မင်းကင်း ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေကြီး၍ ကားလမ်းမပေါ်တွင် တင်ကျန်နေသည့် အမှိုက်သရိုက်များနှင့်ရွံ့နွံများကို ဇူလိုင် ၂၄ ရက်နေ့နံနက် ၈ နာရီချိန်တွင် စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းရာတွင် မင်းကင်း-ကျေးတောင်ဦးရွာ-တောင်ယာတောနှင့် ကံကျေးရွာများသို့သွားရောက်သည့် ကားလမ်းမပေါ်ရှိ အမှိုက်သရိုက်များနှင့်ရွံ့နွံများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနဝန်ထမ်းများက စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးရန်နိုင်ထွန်းက ဆောင်ရွက်မှုအခြေအနေကို ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)