ဘီးလင်း ဇူလိုင် ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးအောင်သွင်ထူးက လုပ်ငန်းရှင်များအား လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဥ်း၍ အခွန်ကောက်ခံခြင်းဆိုင်ရာ သိကောင်းစရာများ၊ အခွန်ထမ်းလုပ်ငန်းရှင်များ လိုက်နာရန်တာဝန်များ၊ လိုက်နာရန်ပျက်ကွက်မှုများအတွက် ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသောလုပ်ငန်းရှင်များက မရှင်းလင်းသည့်အချက်များ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)