မအူပင် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရေဝင်ရောက်မှုကြောင့် တော်တလုပ်ကျေးရွာအုပ်စုနှင့် အောက်ထုံးကျေးရွာအုပ်စုရှိ ကျောင်း(၂)ကျောင်း ယနေ့နံနက်ပိုင်းက ခေတ္တပိတ်ထားရသည်။
အဆိုပါတိုးမြစ်ရေဝင်ရောက်မှုကြောင့် တော်တလုပ်ကျေးရွာအုပ်စု၊ တော်တလုပ်ကျေးရွာရှိ မူလွန်တော်တလုပ်ကျောင်းအား (၂၃.၇.၂၀၂၄ မှ ၂၅.၇.၂၀၂၄) ထိလည်းကောင်း၊ အောက်ထုံးကျေးရွာအုပ်စု၊ ဘားမနီးကျေးရွာရှိ အ.မ.က (စိန်ရတနာကျွန်း) ကျောင်းအား (၂၃.၇.၂၀၂၄ မှ ၂၆.၇.၂၀၂၄) ထိလည်းကောင်း စုစုပေါင်း (၂) ကျောင်းခေတ္တပိတ်ထားရသည်။ ၎င်းပိတ်ထားရသည့် ကျောင်းပိတ်ရက်များအား အပတ်စဉ်တနင်္ဂနွေနေ့များတွင် ပြန်လည်အစားထိုးသင်ကြားသွားမည်ဖြစ်ပြီး တိုးမြစ်ရေဝင်ရောက်မှုကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)