ညောင်တုန်းမြို့နယ်၌ စာရေးဆရာ မြေလတ်မောင်မြင့်သူ ရေးသားသော "နာမည်လေးမွှေးလို့ ချစ်ချင်သည်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မြေလတ်မောင်မြင့်သူ ရေးသားသော "နာမည်လေးမွှေးလို့ ချစ်ချင်သည်" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌဦးစန်းမြင့်က အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) ဥက္ကဋ္ဌဦးစန်းမြင့်၊ အဖွဲ့ဝင် စာရေးဆရာ မင်းဝေမှူးနှင့် စာပေဝါသနာရှင် ဦးသိန်းအေးတို့က ဦးဆောင်၍ စာရေးဆရာ မြေလတ်မောင်မြင့်သူ ရေးသားသော "နာမည်လေးမွှေးလို့ ချစ်ချင်သည်" စာအုပ်ပါ ဥပုသ်ဆောက်ခြင်း၊ ကိုယ်ပွားတစ်ခု၏ ဒဏ္ဍာရီ၊ ဖြေသိမ့်ခွင့်၊ နှလုံးသားအပိုတစ်ခု၏ ရူးသွပ်မှုအနုပညာ စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေး ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်\ဆက်)