အိမ်မဲ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက လူဦးရေတိုက်ဆိုင် စစ်ဆေးခြင်းအကြောင်း၊ စစ်မှုထမ်းဥပဒေအကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးကိစ္စရပ်များ၊ မိုးများသောကြောင့် မြို့နယ်အတွင်းရှိ ရေကြီးနိုင်သော နေရာများတွင် ရေဘေးရှောင်စခန်းနှင့် အစားအစာနှင့် ဆေးဝါးများ ကြိုတင်ထားရှိနိုင်ရေးအကြောင်း၊ ထူးခြားဖြစ်စဥ်ရှိပါက မြို့နယ်ထွေ/အုပ်ရုံးသို့ ကနဦးသတင်းပေးပို့ကြရန်၊ မြို့နယ်အတွင်း ထွန်းတုံးပိတ်ပွဲကို (၈)လပိုင်းတွင် ဆောင်ရွက်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နေရာတစ်နေရာ ရွေးထားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး အောင်သွင်စိုးက လုံခြုံရေးနှင့် သက်ဆိုင် သော အရာမှန်သမျှကို သတင်းပေးပို့ကြရန်၊ မြို့နယ်အတွင်းကျေးရွာများနှင့် စာသင်ကျောင်းများတွင် ရေကြီးရေတက်ပါက ကြိုတင်ရွေ့မည့်နေရာအား plan တိတိကျကျ ချထားကြရန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ခေတ္တရဲမှူးသိန်းဇော်က လုံခြုံရေးဆိုင်ရာကိစ္စများကို ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ပါဝင်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်(ပြန်/ဆက်)