ကျွန်းလှ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးထားရှိမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမျိုးတင့်ထူး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီတို့က အစေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှု၊ ပဲစင်းငုံနှင့် မြေပဲသီးညှပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုကြပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၀၉၇ ဧက၊ ပဲမျိုးစုံ ၁၆၉၅၃ ဧက၊ ဆီထွက်သီးနှံ ၇၃၁၄ ဧက၊ အခြားသီးနှံ ၁၆၉၄၅ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက၊ စုစုပေါင်း ၇၆၈၅၈ ဧက စိုက်ပျိုးရန်လျားထားပြီး လက်ရှိအချိန်ထိ ၃၉၉၇၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)