စလင်း ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်(Biometric Data)စာရင်းကောက်ယူခြင်း ပန်းခင်းစီမံချက်(၃)(Biometric) ဇီဝဆိုင်ရာအချက်အလက်(Unique ID)ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ပေါင်းနားရပ်ကွက်အတွင်းရှိအဆိုပါရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက(Biometric Data) အချက်အလက်စာရင်းကောက်ယူခြင်း(Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ရပ်ကွက်၊ကျေးရွာများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ်အတွင်းရှိ ပြည်သူများအားလုံးကို အချိန်နှင့်တစ်ပြေးညီရရှိစေရန်အတွက် နိုင်ငံသားစီစစ်ရေးကတ်ပြားများယူဆောင်စေပြီး ပန်းခင်းစီမံချက်(၃)Biometric ဇီဝဆိုင်ရာအချက်အလက်များစာရင်းကောက်ယူ၍ (Data. Base) တွင်သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့်(Unique ID) နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီးထုတ်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
(မောင်လွင်)စလင်း