နတ်တလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၇) ကျောင်း‌ ခေတ္တယာယီပိတ်ထား

နတ်တလင်း ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်းမှုနှင့် မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ယနေ့နံနက်ပိုင်းမှစတင်ကာ စာသင်ကျောင်း(၇)ကျောင်း‌ ခေတ္တယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရာတွင်အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိခြင်းတို့ကြောင့် အ.ထ.က(ခွဲ)ရေမွှေး၊ အ.ထ.က(ခွဲ)တောင်ယာတော၊ အ.မ.က (ပုဇွန်ချောင်း)၊ အ.မ.က (ကြို့ပင်အင်း)၊ အ.မ.က (ဘုန်းကြီးရေဆယ်)၊ အ.မ.က (လက်ပံကုန်း)၊ အ.မ.က (ကျောင်းရွာလေး) စုစုပေါင်း(၇)ကျောင်းအား ခေတ္တယာယီပိတ်ထားကြောင်း၊ ယာယီပိတ်ထားသောကျောင်းများအား တနင်္ဂနွေနေ့များတွင် အစားထိုးပြန်လည်သင်ကြားရေးအတွက် စီမံဆောင်ရွက်ထားကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)