တောင်တွင်းကြီး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့တွင် ဧည့်မထဆန်(၂၄)ပြည်အိတ် (၁၀)အိတ်အား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ယနေ့နံနက်(၇)နာရီအချိန်က တောင်ပြင်(၂)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရောင်းချပေးလျက်ရှိသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စီစဉ်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ တောင်ပြင် (၂)ရပ်ကွက်ရှိ အိမ်ထောင်စု(၂၄၀)စုအား တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်နှုန်း၊ ဆန်တစ်ပြည် (၃၀၀၀)ကျပ်ဖြင့် ဧည့်မထဆန်များကို မည်သူမဆို လွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် မြို့ပေါ်(၇)ရပ်ကွက်အား အလှည့်ကျစျေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းကို ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ရန်နောင်စိုး (ပြန်/ဆက်)