တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေ

တန့်ယန်း ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပင်စင်လစာငွေများလာရောက်ထုတ်ယူနေသည့် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်။

အဆိုပါ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မကူးစက်နိုင်သောရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ၊ ပန်းနာရင်ကြပ်နှင့် နာတာရှည်အဆုတ်ပွစသည့်ရောဂါများကို စစ်ဆေးဆောင်ရွက်၍ လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။                                                                                                        

မင်းလွင်ဦး(တန့်ယန်း)