ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများထုတ်ပေး 

ဒေးဒရဲ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယနေ့နံနက်(၈)နာရီကစတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ(၉၈၀)ဦးရှိပြီး သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာငွေလာရောက်ထုတ်ယူလျက်ရှိသည့် ပင်စင်စားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပင်စင်လစာငွေများကို ထုတ်ပေးခြင်းကို ဇူလိုင်လ(၂၂)ရက်နေ့မှ(၃၀)ရက်နေ့အထိ နံနက် (၈)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း  လာရောက်ထုတ်ယူသူအားလုံးကို ထုတ်ပေးလျက်ရှိပြီး ၎င်းရက် အတွင်း လာရောက်မထုတ်ယူနိုင်သူများကို (၂၀၂၄)ခုနှစ်သြဂုတ်လ လဆန်းပိုင်းတွင် ဘဏ်ဖွင့်ချိန် အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး အငြိမ်းစားပင်စင်လစာငွေများကို ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

အေဇာလင်း