သာပေါင်း ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့မှ မြစ်ရေကြီးမြင့် ရေဝင်တက်ရောက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ယာယီရေဘေးရှောင်ကယ်ဆယ် စခန်းများ၌ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က ငဝန်မြစ်ရေကြီးမြင့် ရေဝင်တက်ရောက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရွေ့ပြောင်းထားရှိရာ ယာယီရေဘေးရှောင် ကယ်ဆယ်စခန်းများ အမှတ်(၃)ရပ်ကွက်၊ ဝိသုဒ္ဒါရာမ မြို့မမင်းကျောင်းတွင် ရွှေ့ပြောင်းထားသည့် အိမ်ထောင်စု(၄)စု၊ ဘုရားကုန်း ကျေးရွာအုပ်စု၊ ကျိန္တလီ ကျေးရွာ၊ လူထုဗဟိုပြုခန်းမတွင် ရွှေ့ပြောင်းထားသည့် အိမ်ထောင်စု(၈)စု၊ဘုရားကုန်း ကျေးရွာအုပ်စု၊ ဘုရားကုန်း ကျေးရွာဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းထားသည့် အိမ်ထောင်စု(၄)စု ပေါင်းအိမ်ထောင်စု(၁၆)စုတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့မှ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)