ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်ရန်နှင့် မြို့နယ်အတွင်းမှ ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက်  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချောင်းဖျားကျေးရွာအုပ်စုရှိ စပါးမျိုးသန့်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ကွင်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်(၂၅၀၀)သိန်းဖြင့် ဒေသတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း(၄)ခု၊ မွေးမြူရေးလုပ်ငန်း (၄)ခု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း(၂)ခု စုစုပေါင်းလုပ်ငန်း(၁၀)ခုအား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဒေသတွင်းသီးနှံသားငါးပိုမိုထုတ်လုပ်နိုင်ပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း