ဟုမ္မလင်း ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများမှ မြို့ပြပင်စင်(၆၆၄)ဦး၊ ကာကွယ်ရေးပင်စင်(၄၃၈)ဦး၊ နိုင်ငံရေးပင်စင်(၁၆၀)ဦး စုစုပေါင်း(၁၂၆၂)ဦးရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ပါကြောင်း လစဉ်ပင်စင်ထုတ်ယူ သူများအတွက် လစဉ် ၂၁ ရက်နေ့မှ လကုန်ရက်နေ့အထိ ထုတ်ပေးလျက်ပါရှိကြောင်းနှင့် လပေါင်း၍ ပင်စင်ထုတ်ယူသူများအတွက် အစိုးရရုံးဖွင့်ရက်နေ့တိုင်း ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးအောင်သန့်ဇင်ထံမှ သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)