အုတ်ဖိုမြို့နယ်တွင် မြစ်မခရေမြင့်တက်မှုကြောင့် လူနေအိမ်(၆)လုံး ရေထဲမျောပါ

အုတ်ဖို ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာတွင် မြစ်မခရေမြင့်တက်လာမှုကြောင့် ယနေ့တွင် လူနေအိမ် (၆)လုံး ရေစီးဖြင့်မျောပါသွားကြောင်း သိရသည်။

အဆိုပါ ရေမျာပါသွားသည့် ၃ ပင်အိမ်၊ သက်ကယ်မိုးထရံကာ၊ ဝါးအိမ် (၆)လုံးရှိ အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် နီးစပ်ရာဆွေမျိုးများ၏နေအိမ်များသို့ ပြောင်းရွှေ့ထားကြောင်း၊ လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ရေဘေးသင့်အိမ်ထောင်စုများအား ဆန်၊ ကြက်ဥ၊ ရေသန့်၊ ခေါက်ဆွဲ၊ ပဲခွဲခြမ်းနှင့် ကြာဇံထုပ်တို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)