မြို့သစ် ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာတွင် နိုင်ငံတော်လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီက အဆိုပါစာကြည့်တိုက်မြေနေရာ၌ ဆောင်ရွက်ခဲ့သည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသီဟအောင်၊ အဖွဲ့ဝင်(၂) ဦးမိုးဇော်၊ အဖွဲ့ဝင်(၃) မြို့နယ်လဝကမှူး ဦးထွန်းထွန်းဇော်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလင်းတို့က မင်္ဂလာအချိန်တွင် သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်ကိုးချက်စိုက်ထူ၍ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကျေးရွားစာကြည့်တိုက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ကျေးရွာစာကြည့်တိုက်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)