စလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

စလင်း  ဇူလိုင်  ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ အငြိမ်းစားနိုင်ငံဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများကို  ထုတ်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ထိုသို့ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားပင်စင်စားများ၏ လစာများကို  အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် ဘဏ်မန်နေဂျာ ဒေါ်မီမီအောင် ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ စလင်းမြို့နယ်တွင် ပင်စင်စားဦးရေ စုစုပေါင်း (၂၄၀၀)ကျော်ရှိပြီး ယနေ့နံနက်ပိုင်း ဘဏ်ငွေထုတ်ကတ်ပြားများကို ကိုင်ဆောင်၍ စနစ်တကျ အလှည့်ကျထုတ်ယူနိုင်ကြစေရန် စီစဥ်ဆောင်ရွက်ထားပြီး ပထမနေ့ ယနေ့တွင် ပင်စင်ထုတ်ယူသူဦးရေ (၇၁၆)ဦးရှိပြီး၊ စလင်းမြို့နယ်သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁၀)ရှိရာ ပင်စင်စားဦးရေ များပြားလွန်းသဖြင့် အုပ်စုများခွဲ၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။ ထို့အပြင် ပင်စင်စားများကို ဇူလိုင်လ (၂၂)ရက်နေ့မှ (၃၁)ရက်နေ့ နေ့လယ် (၂)နာရီအချိန်အထိ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ စလင်းမြို့နယ်အတွင်းရှိ ထုတ်ယူရန်ကျန်ရှိနေသေးသည့် ပင်စင်စားများကိုလည်း အစိုးရရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ဘဏ်မန်နေဂျာ ဒေါ်မီမီအောင်ထံမှ သိရှိရသည်။

 (မောင်လွင်)စလင်း