ကျိန္တလီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ကျိန္တလီ ဇူလိုင် ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show )ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးနှင့်ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်​ရေးမှူး ဦးဉာဏ်လင်းတို့က ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားပပျောက်ရေး အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ကလေးအလုပ်သမားများအား သတ်မှတ်ထားသည့် အသက်အရွယ်အပိုင်းအခြား၊ အသက်မပြည့်သေးသည့်ကလေးများကို အလုပ်ခိုင်းစေခွင့် ရှိ၊မရှိ၊ကလေးအလုပ် သမားများကို အကာအကွယ်ပေးသည့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မိဘပြည်သူများ လိုက်နာရမည့်အချက်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်၊

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိန္တလီမြို့ရုံးအနေဖြင့် ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင် ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ပြုလုပ်ပေးသည့်အပြင် ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိန္တလီ(ပြန်/ဆက်)