ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌ ပဲခူးမြို့ရှိ ဘုရားစေတီပုထိုး၊ ကျောင်းကန်များ၌ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

ပဲခူး ဇူလိုင် ၂၀

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွက်အမြတ်ထားရာ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရားများဘုန်းကြီးကျောင်းများ၌ ဝါဆိုလပြည့်နေ့အခါသမယ၌ ဝါဆိုသင်္ကန်းဆက်ကပ်သူများ၊ အလှူဒါနပြုသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမှုကုသိုလ်များဖြင့် ပြည့်စုံပြီး စိတ်နှလုံးကြည်နူးချမ်းမြေ့ဖွယ် အချိန်ကာလဖြစ်သည့်အတွက် ဘုရားကျောင်းကန်၊ စေတီပုထိုးများရှိရာ နေရာအသီးသီး၌ ဝါဆိုပန်းကပ်လှူသူ၊ သီလဆောက်တည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး အစိုးရရုံးပိတ်ရက်သုံးရက်ဖြစ်သောကြောင့် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူများဖြင့် အထူးစည်ကားသာယာလျက်ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)