ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပ

ပဲခူး ဇူလိုင် ၂၀

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့ အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကတို့ကျောင်းတို့ဝန်းကျင် သီချင်းသီဆို၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်သစ်မေးခွန်းပုံစံအသစ် ဖြေဆိုခဲ့ရာတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများဟာ သင်ယူမှုအခွင့်အလမ်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့သူများဖြစ်သည့်အပြင် အခြေအနေအချိန်အခါနှင့် အခွင့်အလမ်းကို အကောင်းဆုံးအသုံးချနိုင်ခဲ့သည့်အတွက် ယခုလိုထူးချွန်စွာ အောင်မြင်ခဲ့သည့်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုကြောင်းနှင့် ဆက်လက်ပြီး အဆင့်မြင့်သက်မွေးပညာများသင်ယူရာတွင်လည်း ရည်မှန်းချက်ရောက်အောင် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲ၌ နိုင်ငံတော်အဆင့်()ရရှိသော ကျောင်းသား()ဦး၊ ()ဘာသာရရှိသူ ကျောင်းသား/သူ()ဦး၊ အောင်ချက်အကောင်းဆုံးရရှိခဲ့သည့် ဇီးကုန်းမြို့နယ်၊ အ.ထ.က(မြို့မ)ကျောင်းနှင့် ပြည်မြို့နယ်၊ က.ပ.က(ပုလဲမိုး)ကျောင်းတို့အားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ()ဘာသာဂုဏ်ထူးရရှိခဲ့သူများကိုလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ကိုလည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ၂၀၂၃-၂၀၂၄ခု ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများကကမ္ဘာတည်သရွေ့သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က-မြို့အနောက်()ကျောင်းမှ ကျောင်းသား/ကျောင်းသူများကနိုင်ငံ့အကျိုးမျှော်ရည် ပဲခူးတိုင်းဌာနီ” သီချင်းဖြင့်လည်းကောင်း၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများကပြည်မြန်မာသီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား ပဲခူးတိုင်းဒေသကြီး(အရှေ့) အ.ထ.က() ညောင်လေးပင်မှ ()ဘာသာဂုဏ်ထူးရှင် မောင်အောင်ကောင်းမြတ်က ကျေးဇူးတင်ဂါရဝစကား ပြန်လည်ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရရှိသော ကျောင်းအုပ်ကြီးများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ၎င်းနောက် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)