တောင်ငူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

တောင်ငူ ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံက်(၉)နာရီအချိန်က လောကုတ္တရာစကားကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ လောကုတ္တရာစကားကျောင်းတိုက်ဆရာတော် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တရေဝတဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းကပ်အနုမောဒနာတရားတော်နာယူသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက သံဃာတော်အရှင်မြတ်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)