မုံရွာ ဇူလိုင် ၁၈
မုံရွာစီးပွားရေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မုံရွာစီးပွားရေးတက္ကသိုလ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အုတ်ကန်တောရကျောင်းတိုက်ဆရာတော်နှင့် ပင့်သံဃာတော်အရှင်သူမြတ်များ၊ မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာမြင့်ထူးနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မုံရွာမြို့ အုတ်ကန်တောရကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် သံဃာတော်များထံ တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကြွရောက်လာသော ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။
အဆိုပါ မုံရွာစီးပွားစသရေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲတွင် သင်္ကန်း (၁၈) စုံ၊ သင်္ကန်းပါပစ္စည်းစုံခြင်း (၄)ခြင်း၊ ဆေးခြင်း (၂) ခြင်း၊ ထီး၊ ဖိနပ်နှင့် ဝတ္ထုငွေများ စုစုပေါင်းတန်ဖိုးငွေ (၃၃) သိန်းကျပ်ခန့်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)