ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာကျေးရွာတွင် ရေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့

ဆင်ပေါင်ဝဲ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မွှန်းညောင်သာကျေးရွာမှ ဧရာဝတီမြစ်ရေဝင်ရောက်၍ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ကျေးရွာရှိ ရေဘေးရှောင်စခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဆန်ရိက္ခာဖိုးပေးအပ်ရာတွင် မွှန်းညောင်ပင်သာကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၂၀)စု၊ လူဦးရေ (၅၆) ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ငွေကျပ် (၁၁၇၆၀၀/-) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းတို့က ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)