ခေတ္တရေဘေးရှောင် ပြည်သူများအား စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေး

ဇလွန် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမြင့်မူကြောင့် ​ယင်းတိုက်ကုန်းကျေးရွာအုပ်စု ရွာသာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ခေတ္တရေဘေးရှောင် စခန်းမှ ရေဘေးရှောင် ပြည်သူများအား စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။

ယင်းတိုက်ကုန်းကျေးရွာအုပ်စု ရွာသာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ခေတ္တရေဘေးရှောင် စခန်းမှ ရေဘေးရှောင်ပြည်သူများအား စာအုပ်များလက်ဝယ် အရောက်  သွားရောက်ငှားရမ်းပေးရခြင်းမှာ မြစ်ရေကြီးမြင့်မှုကြောင့် ခေတ္တရေးဘေးရှောင်နေစဥ်အတွင်း ပြည်သူများ  စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို သိရှိစေရန် ၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များရရှိလာစေရန် ၊ စာဖတ်ရှိန်မြင့်မားလာစေရန် ၊ စာပေဗဟုသုတများ ရရှိလာစေရန် ၊ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လက်ဝယ်အရောက် သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)