လွိုင်လင်မြို့နယ်၊ ဝမ်လုံကျေးရွာနေပြည်သူများအား ကျေးရွာမြေငှါးဂရန်ပေးအပ်

လွိုင်လင် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာနေပြည်သူများအား ကျေးရွာမြေငှါးဂရန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သားများ တက်ရောက်ကြသည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလျိုင်က ကျေးရွာမြေငှါးဂရနိထုတ်ပေးရခြင်းကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။ထို့နောက် ကျေးရွာမြေငှါးဂရန်များအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအား တစ်ဦးချင်းလက်ဝယ်အရောက်ပေးအပ်ကြသည်။ ဆက်လက်၍ ကျေးရွာမြေငှါးဂရန်ရရှိသူများကိုယ်စားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

အဆိုပါ ဝမ်လုံကျေးရွာမြေငှါးဂရန်ပေးအပ်ခြင်းတွင် အိမ်ထောင်စု(၇၅)စုအတွက် မြေငှါးဂရန် (၇၅) စောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး