ကျိုက်မရောမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက(၅၆၀၁၂)လျာထားပြီး ဧကသုံးသောင်းကျော်စိုက်ပျိုးပြီးစီး

ကျိုက်မရော ဇူလိုင် ၁၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေးအတွက် ၂၀၂၄- ၂၀၂၅ ခုနှစ်အတွင်း လျာထားဧက(၅၆၀၁၂) စိုက်ပျိုးရန်လျာထားပြီး ဇွန်လကုန်အထိ မိုးစပါးစိုက်ပျိုးပြီးဧကမှာ မြေပြင်၌(၃၂၁၆၉)ဧကစိုက်ပျိုးပြီးစီး၍ ဒေသတွင်းရိက္ခာဖူလုံစေရေးအတွက် တောင်သူများက ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်း ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်မိုးစပါးဧကထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ ယခုနှစ်မိုးရာသီ၌ စပါးမျိုးစေ့ချကိရိယာ(Seeder )စက်ဖြင့် မိုးစပါးများကို စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးနည်းပညာအကူအညီများရယူကာ ခေတ်မီနည်းစနစ်များဖြင့်ထုတ်လုပ်ထားသည့် ကောက်စိုက်စက်များဖြင့် ကောက်စိုက်နိုင်သဖြင့် အချိန်မီစိုက်ပျိုးနိုင်ပြီး အချိန်ကုန်သက်သာ၊ လုပ်အားလည်းသက်သာစေပြီး စပါးအထွက်နှုန်းလည်း ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာသင်တန်းများပေး၍ တောင်သူများအားမျိုးကောင်းမျိုးသန့် စပါးမျိုးများကို ခေတ်မီနည်းပညာများပံ့ပိုးကူညီပေးကာ စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းတိုးကာ ပြည်တွင်းရိက္ခာဖူလုံရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း မိုးစပါးစိုက်တောင်သူဦးမြင့်ဌေးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)