ဗဟန်းမြို့နယ် Community Centre ခန်းမ၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများ ကျင်းပ

ဗဟန်း ဇူလိုင် ၁၈

၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၇) မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ဗဟန်းမြို့နယ် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် စာရေးဆရာဦးဟိန်းဇေက “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က “(၁၉)ဇူလိုင် မမေ့နိုင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.မ.က (၁၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့မွှေးက “အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး”အကြောင်းတို့အားလည်း​ကောင်း၊ အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့‌နောက် ပြိုင်ပွဲများတွင် ဆုအသီးသီးရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။ ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့အား ကြည့်ရှူလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော် (ပြန်/ဆက်)