ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ကြည့်မြင်တိုင် ဇူလိုင် ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ကျော်မောင်မောင်(မြင်းဝင်း) ရေးသားသည့် “ထပ်ဆင့်အညာပလီများရှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့၊ နံနက် ၁၀ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အသင်းဥက္ကဋ္ဌ စာရေးဆရာမတင့်တယ်ခင်က စာဖတ်ဝိုင်းအား ဦး​ဆောင်​ဆွေး​နွေးခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်များက လူငယ်များအသိဥာဏ်ဗဟုသုတများစွာ ရှိရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဗဟုသုတရှိရန်လိုအပ်ကြောင်း၊ လူငယ်များ လမ်းမှားမရောက်ကြအောင် ပညာပေးရသဝတ္ထုဖြစ်ပါကြောင်း စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

အဆိုပါစာဖတ်ဝိုင်းသို့ စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)