ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သိကောင်းစရာအသိ ပညာပေးဟောပြောပွဲကျင်းပ

ပြည်ကြီးတံခွန် ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ (က)ရပ်ကွက်၊ အ.လ.က(၂၁)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေယုက သစ်တောနှင့် ဇီဝမျိုးကွဲဆိုင်ရာသိကောင်းစရာ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ကျောင်းဝင်းအတွင်း ကျွန်းပင်(၁၀) ပင်၊ တပေဘူတ (၁၀)ပင်၊ မယ်ဇယ်ပင် (၁၅)ပင်၊ ပိတောက်ပင် (၁၀)ပင်၊ယင်းမာပင်(၁၀) ပင်၊ မယ်ဇလီ(၁၀)ပင်၊ ငုရွှေဝါ(၁၀)ပင်၊ စိန်ပန်းပင်(၁၀)ပင် စုစုပေါင်း(၈၅)ပင်ကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)