ကျိုက်မရော ဇူလိုင် ၁၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့်တောင်သူများ လျာထားချက်ပြည့်မီစွာ မိုးစပါးစိုက်ပျိူးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ အတိုးနှူန်းသက်သာစွာဖြင့် စိုက်ပျိုးစရိတ်ချေးငွေများအား အေးချမ်းစွာ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရာတွင် ယမန်နေ့နံနက်ပိုင်းက ကော့ကလော့ကျေးရွာရှိ လယ်သမား(၆၅)ဦးတို့အား စိုက်ဧက (၄၂၈) ဧကအတွက် ချေးငွေ စုစုပေါင်း(၆၄၂)သိန်းကို တောင်သူများလက်ဝယ်အရောက် စနစ်တကျထုတ်ပေးလျက်ရှိပြီး ချေးငွေထုတ်ပေးရန်ကျန်ရှိနေသော ကျေးရွာအုပ်စုများကိုလည်း ဘဏ်ဖွင့်ရက်များအတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းသက်စံထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး