ကလေးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းစုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ကလေး ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကလေးမြို့နယ်လုံးဆိုင်ရာ ရွှေဘုံသာစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာသူမျာက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃာ့ဝန်ဆောင် ချမ်းမြေ့အောင်စည်ဆရာတော် ဘဒ္ဒန္တဥတ္တရသာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဘောဇဉ်နှင့် လှူဖွယ်ဝတ္တု အစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် အဂ္ဂမဟာအကျော်၊ အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသန္တာရုံကျောင်း ဆရာတော် ဘဒန္တပုညသေဋ္ဌက ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချ အမျှအတန်းပေးဝေပြီး ဆရာတော်သံဃာတော်များနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက  ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)