မိတ္ထီလာ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ရှိန်(ငြိမ်း)တို့က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ရှိန်(ငြိမ်း)တို့က သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မိတ္ထီလာခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများတွင် တာဝန် ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများ၊ အင်ဂျင်နီယာများ သိသင့်သိထိုက်သော လုပ်ငန်းပိုင်းဆိုင်ရာနှင့် ရုံးလုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်တက်မြောက်၍ ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ဆောက်ရာတွင် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်စေ ရန်နှင့် ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်၍ ဇူလိုင်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)