မိုင်းဖြတ်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန၌ လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်များပြသ

မိုင်းဖြတ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်​ရေးရာ အသိပညာ​ပေးဟောပြောပွဲနှင့် အသိပညာ​ပေး နံရံကပ်စာ​စောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ​ဒေါ်အေးဝင်းခိုင်က  ယ​နေ့​ခေတ်တွင် လူငယ်များ၏ အခန်းကဏ္ဍသည် များစွာအ​ရေးပါ​ကြောင်း၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ အ​ခြေခံပညာ​ကျောင်းများတွင် လစဥ်အသိပညာ​ပေး​ဟော​ပြောပွဲများ၊ လူငယ်စကားဝိုင်းများကို ကျင်းပကြောင်း၊  လူငယ်များသည် ဗလငါးတန်းဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ မိတ္တဗလ၊ စာရိတ္တဗလတို့ဖြင့် ပြည်စုံကြွယ်ရန်လိုအပ်​ကြောင်းနှင့်  ​ဗလငါးတန်အ​ကြောင်းကို အကျယ်တဝင့် ရှင်းလင်း​​ပြောကြားခဲ့သည်။

ဆက်လက်၍ ​​ဟော​ပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာ​စောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ​ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)