ရန်ကင်း ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာစပ်နည်းပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီက ကျင်းပသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် ဦးစီးမှူးဒေါ်လှလှထွေးက အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာစပ်နည်းပြိုင်ပွဲတို့ကို ကျင်းပရာ ပြိုင်ပွဲများသို့ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး၊ ကဗျာစပ်နည်းပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၈)ဦး၊ စုစုပေါင်း(၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲဝင်နေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)