မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club )အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

မရမ်းကုန်း ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့် ပူးပေါင်း၍ ဆရာရှင်ဇာနန် (ကျန်းမာရေး) ရေးသားထားသည့် "အောင်မြင်ခြင်းအတွက် ဆက်သွယ်ခြင်း'' ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် ဦးစီးအရာရှိ ဦးရဲနောင်ချစ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်ပြီး မြို့နယ်စာပေချစ်သူများအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်မိုးက စာဖတ်ဝိုင်းနှင့်ပက်သက်၍ ဝမ်းမြောက်ဂုဏ်ယူစကားပြောကြာပြီး မြို့နယ်စာပေချစ်သူများအဖွဲ့ဝင် ဦးရှင်ဇာနန်က "အောင်မြင်ခြင်းအတွက် ဆက်သွယ်ခြင်း" ကျန်းမာရေးဆောင်းပါးအား ဖတ်ကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများက စာပေချစ်မြတ်နိုးသူများက ဆောင်းပါးပါ ဇာတ်ကောင်များ၏ စကားလုံးအသုံးအနှုန်း၊ အကြောင်းအရာများ ဆက်စပ်မှုလိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)