လှိုင်မြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

လှိုင် ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အ.မ.က (၂၂) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညိုထွန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းကြောင်း၊ လွတ်လပ်ရေးရရှိအောင် အသက်ပေးလှူခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကိုမမေ့ကြရန် အထူးလိုအပ်ကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည် (၉) ဦး၏အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယမင်း (ပြန်/ဆက်)