ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့မီးသတ်တပ်ဖွဲ့စခန်းအား ကြည့်ရှုစစ်ဆေး

ကြို့ပင်ကောက် ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းသို့ ယမန်နေ့ မွန်းလွဲပိုင်းကရောက်ရှိပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကြို့ပင်ကောက်မြို့မီးသတ်တပ်ဖွဲ့စခန်းရှိ မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအားကြည့်ရှုစစ်ဆေးပြီး တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ဌာန၏မူလတာဝန်ဖြစ်သော မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းကို ကြိုးစားဆောင်ရွက်သွားကြရန်၊ သဘာဝဘေးဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ဒေသခံပြည်သူများ၏ လုံခြုံရေးလုပ်ငန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့မီးသတ်တပ်ဖွဲ့စခန်းတွင် သန္ဓေမီးသတ် ၂၅ ဦး၊ အရန်မီးသတ် ၁၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်တို့ကိုကာကွယ်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)