အထက်မင်းလှ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရေး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်(၈)နာရီခွဲက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိမြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးစေရေးနှင့် စာဖတ်သည့် အလေ့အကျက့်ရရှိစေရန်၊ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်း၊ အာဇာနည်(၉)ဦး၏ အတ္ထုပတ္တိအကြောင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးစစ်သားအသုံးမပြုရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)