ကျိုက်ထိုမြို့နယ်တွင် အခြေခံစားကုန်များ ဈေးကွက်အတွင်း ပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ကျိုက်ထို ဇူလိုင် ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံစားကုန်များ ဈေးကွက်အတွင်း ပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့ဈေးနှင့် မြို့မဈေးတို့တွင် သွားရောက်စစ်ဆေးခဲ့ကြသည်။

ယင်းသို့စစ်ဆေးရာတွင် အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး စသည်တို့အား ဈေးကွက်အတွင်း ပြတ်လပ်မှု ရှိ၊ မရှိနှင့် ပုံမှန်ရောင်းဝယ်နေမှုတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)