သာယာဝတီမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

သာယာဝတီ ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုများနှင့် အမြန်ဆုံးတုံ့ပြန်ကူညီနိုင်ရေး လုပ်ငန်းအဆင့်ဆင့် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ခရိုင်မီးသတ်ဦးစီးဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုအခြေအနေများနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်ထားရှိမှုကို ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းတို့က မြို့နယ်အတွင်းရှိ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများပြင်ဆင်ထားရှိမှု၊ လူ၊ ယာဉ်နှင့် စက်ပစ္စည်း ကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)