ပေါင်းတည်မြို့နယ်သို့ ပြည်မြို့ ပြည်သူ့ဆေးရုံမှ နယ်လှည့်အထူးကုအဖွဲ့ လာရောက်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်သို့ ယနေ့ နံနက် ၈ နာရီက ပြည်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံ နယ်လှည့်အထူးကုအဖွဲ့မှ လာရောက်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးကြသည်။

အဆိုပါ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးဆောင်ရွက်မှုကို အထူးကုအဖွဲ့မှ ဒေါက်တာဒေါ်မီမီစိုး ဦးဆာင်ကာ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ အခြေပြု၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းသန်းချစ်နှင့်အတူ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများ ပူးပေါင်းကာကျန်းမာရေးစစ်ဆေးစမ်းသပ်မှုများ၊ ကုသပေးမှုများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ယနေ့တွင် လာရောက်ကျန်းမာရေးစစ်ဆေးခံယူသူ ဦးရေ ၁၀၀ ကျော်အား Ultrasound အာထွာဆောင်းရိုက်ကာ ကျန်းမာရေးစစ်ဆေးကုသလမ်းညွှန်မှုများ ပေးခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြ​ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ရွှေသား (ပြန်/ဆက်)